သန်လျင် ၁၇ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတစ်ဝန်း၌ ဒေသန္တရအလိုက် ဘုရားပွဲတော်များ၊ ရာသီပွဲတော်များကို ကျင်းပလျက်ရှိရာ အောက်မြန်မာပြည်၌ အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ 

 

1

 

အဆိုပါ ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းပေါင်း ၄၀ဝ၀ ကျော်ကို ဖွင့်လှစ်ရောင်းချမှုကြောင့် စည်ကားလျက်ရှိပြီး ပျော်ပွဲရွှင်ပွဲများအဖြစ် ထမနဲထိုးပွဲ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲ၊ ခြင်းအလှခတ်ပြပွဲ၊ လက်ဝှေ့ပွဲ၊ ဇာတ်သဘင်ပွဲများလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။

 

2

 

သန်းဝင်း(သန်လျင်)

 

3

 

4

 

5

 

6

 

6

 

7