မြင်းခြံ ၁၇ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်များ ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်၍ ထုတ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ 

 

မြင်းခြံမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူပေါင်း ၄၈၉၉ ဦးရှိပြီး ဖြေဆိုခွင့် Identity Card များအား စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများမှလည်း မိမိတို့၏ နိုင်ငံသား စိစစ်ရေးကတ်ပြားများဖြင့် လာရောက်ထုတ်ယူလျက် ရှိကြသည်။ မြင်းခြံမြို့နယ်တွင် ယခုနှစ်၌ နဘူးအိုင် အ.ထ.က တွင် စာစစ်ဌာနအသစ် ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးခဲ့ရာ ယခုနှစ်တွင် စာစစ်ဌာနပေါင်း (၈) ခုရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။ 

 

မြင်းခြံမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၂)ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၁၄)ကျောင်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများမှာ ၂၀၁၇ ခုနှစ်တွင် ၄၅၀၅ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၄၉၁၇ ဦးရှိခဲ့ပြီး ယခုခုနှစ်တွင် ၄၈၉၉ ဦးဖြစ်ကြောင်း သိရှိရသည်။

 

ဦးဇော်မင်းနိုင် (မြင်းခြံ)