ဟင်္သာတ  ၁၇  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် နန်ကသူရေလှောင်တမံမှ ကွင်းကောက်ဒေသအတွင်းရှိ ကျေးရွာအုပ်စု (၁၄)အုပ်စုမှ လယ်စိုက်မြေဧရိယာများကို စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း သိရသည်။

 

နန်ကသူရေလှောင်တမံမှ နွေစပါး စိုက်ပျိုးရာသီအမီ တူးမြောင်းများ ရေးစီးရေလာ ကောင်းမွန်ရေး၊ နွေစပါးစိုက်ပျိုးရေ လုံလေက်အောင် ရရှိရေးတို့အတွက် မြောင်းဘောင်များ ပြုပြင်ခြင်းနှင့် ရေပေးအဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စက်အင်အား၊ လူအင်အားများ အသုံးပြုကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပြီး တူးမြောင်းမကြီး (အလျား ၂၃၃ မိုင်)၊ လက်ယာမြောင်း (အလျား ၅ ဒသမ ၁၁ မိုင်)၊ လက်ဝဲမြောင်း (အလျား ၇ ဒသမ ၅၇ မိုင်)နှင့် လက်တံမြောင်းခွဲများဖြင့် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

နန်ကသူဆည် ရေသောက်စနစ်အတွင်းရှိ ရေပေးတူးမြောင်းများတွင် ယခင်နှစ် နွေစပါးစိုက်ပျိုးရာသီတွင် လျာထားဧက ၅၂၀ဝ  ထက်ကျောက်လွန်ပြီး   ၅၉၄၈ ဧကအထိ  တိုးတက်စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် နွေစပါးစိုက်ပျိုး ရာသီတွင်လည်း တောင်သူများက နွေစပါးကို ပိုမိုစိုက်ပျိုးလာခြင်းကြောင့် ယခင်နှစ်များထက် နွေစပါးစိုက်ပျိုးဧကများ တိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)

 

ေ