သုံးခွ  ၁၇  ဖေဖော်ဝါရီ

 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၉ ရက်က သုံးခွမြို့ အမှတ်(၁၊ ၃) ရပ်ကွက်တွင် ကွင်းဆင်းကုသခဲ့ကြောင်း သိရသည်။

 

ေ

 


ထိုသို့ ကုသပေးရာတွင် ဆရာဝန် အဖွဲ့ဝင် ၂၈ ဦးက သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ၏ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုများကို ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပထမနေ့တွင် လာရောက်ပြသသူ ၁၃၀ ဦးခန့်အား ကုသပေးခဲ့ကြောင်း သိရသည်။

 


ကွင်းဆင်းကုသရေး အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ ရက်ထိ သုံးရက်ကြာ ပြည်သူများ၏ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ ကုသပေးသွားမည်ဟု သိရသည်။

 


စည်သူလင်း(ပြန်/ဆက်) 

 

ေ