မင်းဘူး  ၁၇  ဖေဖော်ဝါရီ    

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် (CSR) လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၆ ရက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ကွင်းဆင်း စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မန်းရေနံ မြေအထွေထွေမန်နေဂျာ ဦးရဲနိုင်၊ MPRL E&P Pte.Ltd,. မှ တာဝန်ရှိသူများ၊ မန်းရေနံ တာဝန်ရှိသူများ၊ CSR အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မန်းရေနံမြေနှင့် ထိစပ်ကျေးရွာ (၁၆) ရွာသို့ ကွင်းဆင်း၍ ကျေးရွာအလိုက် လိုအပ်ချက်ရှိသည့် အဆိုပြု တင်သွင်းလွှာများနှင့် ပတ်သက်၍ အမှန်တကယ် လိုအပ်ချက်ရှိသည့် ဦးစားပေးလုပ်ငန်းစဉ်များကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မန်းရေနံမြေနှင့် ထိစပ်ကျေးရွာ(၁၆)တွင် လူမှုတာဝန်သိမှု (CSR)လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်အတွင်း ကျေးရွာအလိုက် လိုအပ်ချက်ရှိသည့် လုပ်ငန်းများကို မန်းရေနံမြေ  MPRL E&P Pte.Ltd,. တို့မှ ပူးပေါင်း၍ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)