ဇူလိုင် ၆

အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်းဆုမတ်တျားပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် တစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုပြည်နယ်သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။

တောင်ပိုင်းဆုမတ်တျားသဘာဝဘေးလျော့ပါးရေးအေဂျင်စီရှိအရေးပေါ်ဌာနအကြီးအကဲ အန်ဆိုရီက တောင်ပိုင်း အိုဂန်ကိုမာရီအူလူခရိုင်တွင် ဇူလိုင် ၄ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် မြစ်တစ်စင်းအနီးရှိ နေအိမ်တစ်လုံးတွင် နေထိုင်သူ သုံးဦးမျောပါသွားသည်ဟု ဒေသတွင်းမီဒီယာအားပြောကြားသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် ဒေသခံ ၁၂၅ ဦး ရေဘေးသင့်ခဲ့ပြီး နေအိမ်နှစ်လုံးနှင့် တံတားနှစ်စင်းပျက်စီးခဲ့ပြီး နေအိမ် ၅၅ လုံး ရေလွှမ်းမိုးခြင်းခံရကြောင်း အန်ဆိုရီကထပ်လောင်းပြောသည်။

ရေဘေးသင့်သူများသည် ၎င်းတို့အတွက် ပြင်ဆင်ထားသောရွက်ဖျင်တဲများတွင် နေထိုင်ခြင်းမပြုပဲ အိမ်နီးချင်း နေအိမ်များမှာပင် နေထိုင်ရန်ရွေးချယ်ခဲ့ကြကြောင်းနှင့် ရေဘေးသင့်သူများအတွက် စားစရာများနှင့်ဆေးဝါးပစ္စည်းများ အသင့်ပြင်ဆင်ထားကြောင်း အန်ဆိုရီကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို