ရန်ကုန် ၁၇  ဖေဖော်ဝါရီ 

 

ပဲခူးတိုင်းဒေသကြီး  အင်းတကော်မြို့ ဓမ္မပါလကုန်းတော် သောဘနာရာမ ရွှေမင်းဝံ သာသနာ့ရိပ်သာတွင် တည်ထားသည့် လိုပြည့်အေးချမ်းသာ ဆုတောင်းပြည့် စေတီတော်အား ရွှေထီးတော်တင်လှူခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်ခြင်းနှင့် သံဃာတော် ၁၀၈ ပါးတို့ အား ဆွမ်းဆန်တော်လောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားများကို ယနေ့နံနက် ၈ နာရီတွင် ရိပ်သာဝင်းအတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

 

111

 

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

 

222

 

ထို့နောက် ဆရာတော်သံဃာတော်များထံ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ဥပါသကာများက ဆက်ကပ်ကြပြီး ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို စေတီတော်ပရဝဏ်အတွင်း ပက်ဖျန်းချည်နှောင်ကြသည်။

 

333

 

ယင်းနောက် ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

444

 

ထို့နောက် မဟာစည်သြဝါဒါစရိယ ရွှေမင်းဝံဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တသောဘနထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 

 

KHP_

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက် မြတ်နားတော်၊ ရွှေထီးတော်များနှင့် အရံစေတီထီးတော်များကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး ရွှေထီးတော်ဘုံ အဆင့်ဆင့်နှင့် စေတီတော်အထွတ်သို့ မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူပူဇော်ကြရာ ဆရာတော်သံဃာတော်များက “ဇယန္တော ဗောဓိယာမူလေ ”အစချီ အောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။

 

ထို့နောက် ဆရာတော်သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

 

(သတင်းစဉ်)

 

KHP_00