ခင်ဦး ၁၇ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လက်ပံကွက်ကျေးရွာမှ အိမ် (၃) လုံး၊ ဗျိုင်းကြိုင်ကျေးရွာမှ အိမ် (၁) ဝန်ကြီးကျေးရွာနေ အိမ်(၁) လုံး စုစုပေါင်း အိမ် (၅) လုံးပျက်စီးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


