ရန်ကုန် ၁၈ ဖေဖော်ဝါရီ
၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကျပ် ၁၀ဝ၀ တန်ထီလက်မှတ်များ စတင်ရောင်းချလာရာ ဈေးနှုန်းပိုမိုရရန် နည်းလမ်းသစ်အချို့ အသုံးပြု၍ ရောင်းချလာနေသည်ကို ဖေဖော်ဝါရီလ ဒုတိယပတ်က စတင်မြင်တွေ့လာသည်ဟု လမ်းမတော်မြို့နယ်နေ ထီထိုးသူတစ်ဦးက ဆိုသည်။
မကြာမီကာလတွင်ရပ်ဆိုင်း
ယခုလအတွင်း စတင်ရောင်းချသော ကျပ် ၁၀ဝ၀ တန်ထီလက်မှတ်မှ အမြင့်ဆုံးထီဆုငွေ ကျပ်သိန်း ၁၅၀ဝ၀၊ ဆက်လက်ရောင်းချနေဆဲ ကျပ် ၅၀ဝ တန်မှ ကျပ်သိန်း ၁၀ဝ၀ဝ ပေါက်ရန် အခွင့်အလမ်းရှိသည်။ ကျပ် ၅၀ဝ ထီရောင်းချ ခြင်းမှာ မကြာမီကာလတွင်ရပ်ဆိုင်းပြီး ကျပ် ၁၀ဝ၀ တန်ထီသာ ဆက်လက်ရောင်းချမည်ဟု သိရသည်။
ထီလက်မှတ်ဈေးနှုန်း ပိုမိုရောင်းချခြင်း မဖြစ်ပေါ်ရန်အတွက် သက်ဆိုင်ရာက အရေးယူပေးရန် ထီထိုးနေသူများက မျှော်လင့်နေကြသည်။
ပထမအကြိမ်ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်များကို ထူးထူးခြားခြား လမ်းမတော်မြို့နယ်ရှိ ရောင်းအားကောင်းနာမည်ကြီး ထီဆိုင်အမည် တပ် ထီဆိုင်များတွင် ကျပ် ၁၀ဝ၀ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်သည်ဆိုသော အသိပေးစာများ ချိတ်ဆွဲလာသည်ကို မြင်တွေ့ရသည်။
ကျပ်၅၀ဝ တန် ထီလက်မှတ်ဈေးနှုန်း ကျပ် ၅၅၀ ကျပ်ဖြင့် ရောင်းချနေသော်လည်း ယင်းရောင်းချ နေသည့်ဈေးနှုန်းကိုမူ အသိပေးထားခြင်း မရှိဟုသိရသည်။ ယခုအပတ်အတွင်း ကျပ်သိန်း ပေါင်း ၂၅၀ဝ၀ ပေါက်နိုင်သည့် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်းအခွင့်အလမ်းဟု ဖော်ပြကာ ကျပ် ၁၀ဝ၀ တန် ထီလက်မှတ် ၉ စောင် ကျပ် ကျပ် ၅၀ဝ တန်ထီလက်မှတ် တစ်စောင်ပါ အတွဲတစ်တွဲလျှင် ကျပ် ၁၁၀ဝ၀ ဖြင့်ရောင်းချခြင်းများ မြင်တွေ့လာရ သည်။ သတ်မှတ်ဈေးနှုန်းအရ ယင်းထီလက်မှတ် နှစ်မျိုးတန်ဖိုးသည် ကျပ် ၉၅၀ဝ ကျပ်ရှိသော်လည်း ဈေးနှုန်း မြှင့်တင်ရောင်းချလာခြင်းဖြစ်သည်။ ထီထိုးသူများအား ဆွဲဆောင်ရောင်းချရာတွင် ထီပေါက်ရန်အခွင့်အလမ်းနည်းသော အမြင့်ဆုံး ဆုမဲနှစ်မဲ၏ ငွေပမာဏကို ဖော်ပြအသုံးပြုလာ ခြင်းဖြစ်သည်။ ထီလက်မှတ်အရေအတွက်ပေါင်း သန်းချီရောင်းချရာမှ အမြင့်ဆုံးပေါက်မဲ တစ်မဲသာဖွင့်ပေးခြင်းဖြစ်သည်။
သတ်မှတ်ဈေးထက်ပိုမိုရောင်းချ
သို့ဖြစ်ရာ ထီလက်မှတ်နှစ်မျိုးစီမှ အမြင့်ဆုံး ပေါက်မဲတစ်ဆုစီကိုပင်ရရှိရန် အခွင့်အလမ်း နည်းရသည့်အပြင် နှစ်မျိုးစလုံးမှဆိုလျှင် ပြိုင်တူ အမြင့်ဆုံးဆုမဲတစ်ဆုစီကို ရရှိရန် ပိုမိုအခွင့် အလမ်းနည်းသည်ဟု ဆိုနိုင်သည်။ ယင်းသို့သော အခြေအနေတွင် ထီထိုးသူများအားကျပ် ကျပ်သိန်း ပေါင်း၂၅၀ဝ၀ ထီပေါက်ရန်ရှိနိုင်သည်ဟု အသိပေးစာတမ်း ထီဆိုင်မျက်နှာစာတွင် ထောင်ထားပြီး ထီလက်မှတ်ဈေးနှုန်းကိုလည်း သတ်မှတ် ဈေးထက်ပိုမိုရောင်းချနေခြင်းဖြစ်သည်။
အောင်ဘာလေထီ လုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံတော်အနေဖြင့် ထီရောင်းရငွေ ၄၀ ရာခိုင်နှုန်းသာ အကျိုးအမြတ်ရယူပြီး ယင်းငွေများမှ ထီလက်မှတ်စာရွက် ရိုက်နှိပ်ကုန်ကျစရိတ် ထီရုံးဝန်ထမ်းလစာနှင့် ကုန်ကျငွေများ ကျခံသုံးစွဲနေရသည်။
သက်ကြီးရွယ်အိုပုဂ္ဂိုလ် တစ်ဦးမှာမူ လမ်းမတော်မြို့နယ်လမ်းများတွင် သတ်မှတ်ထီ ဈေးနှုန်းအတိုင်း အသိပေး လိုက်လံရောင်းချနေသည်ကို မကြာခဏ မြင်တွေ့ရသည်။ ထီဖွင့်သည့် ဆုမဲများစနစ်အရ ထီရောင်းချသူများ ဈေးနှုန်း ပိုမိုရယူနိုင်သည့် အခွင့်အလမ်းများရနေဆဲဖြစ်ရာ ပထမအကြိမ်ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်များ စတင်ရောင်းချလာသည့်လ၏ အစပိုင်းမှာပင် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရယူသည့် နည်းလမ်းဖြင့် စတင်ဈေးတင် ရောင်းချလာခြင်းအပေါ် သက်ဆိုင်ရာမှ အရေးယူပေးစေလိုကြောင်း ထီဝါသနာရှင်များက ပြောသည်။
ခင်ဆိုင်


