မင်းတပ် ၁၈ ဖေဖော်ဝါရီ
မင်းတပ်မြို့ မြို့မအားကစားကွင်း၌ ယနေ့နံနက် ၈ နာရီက (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရာ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်း မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ချင်းအမျိုးသားနေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌဦးအွမ်ဂေလိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
မုခ်ဦးဖွင့်လှစ်ပြီးနောက် ဌာနဆိုင်ရာအကြီးအကဲများနှင့်ပြည်သူများကအရောင်းဆိုင်ခန်း၊ အစားအသောက်ပြခန်း၊ ရိုးရာပြခန်းများကို လှည့်လှည်ကြည့်ရှုကြသည်။ အဆိုပါပွဲတော်ကို အားကစားပြိုင်ပွဲများ ရိုးရာအက၊ အဆိုပြိုင်ပွဲများဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


