နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉နာရီ ခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှု (၄)မှုနှင့်တရားမအထူး အယူခံမှု(၂)မှုကြားနာ ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


