အောင်လံ ၁၈ ဖေဖော်ဝါရီ


မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  အောင်လံမြို့နယ် သမ္ဘူလကျေးရွာ၌  ကိုယ်အားကိုယ်ကိုးလျှပ်စစ်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပြီး သမ္ဘူလရွာမနှင့် သမ္ဘူလ(ရွာသစ်)တို့တွင်  ကျေးရွာသုံး လျှပ်စစ်မီတာ ၂၅၃ လုံးအား တပ်ဆင်ပေးလျှက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။  


ထို့ကြောင့် ကျေးရွာနေပြည်သူများ  လျှပ်စစ်ကို အန္တရာယ်ကင်းရှင်းစွာဖြင့် ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် ပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်ပိုင်းက သမ္ဘူလ(ရွာသစ်) ဘုန်းတော်ကြီးကျောင်းတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြတ်မင်းထွန်းက လျှပ်စစ်နှင့်ပတ်သက်သော အခြေခံအကြောင်းများ၊ လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်တတ်သည့် အကြောင်းအရင်းများနှင့် လျှပ်စစ်ကို စနစ်တကျ ကိုင်တွယ်အသုံးပြုပုံများကို ရှင်းလင်းဟောပြောကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ဝေငှခဲ့သည်။


ထိုနည်းတူ ယမန်နေ့နံနက်ပိုင်းကလည်း ရေနံကြီးကျေးရွာ၌ ကျေးရွာသုံးလျှပ်စစ်မီတာ (၈၃) လုံးအား တပ်ဆင်ပေးခဲ့ပြီး လျှပ်စစ်ဆိုင်ရာ ပညာပေးဟောပြောခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


သိန်းလွင်(အောင်လံ)