နေပြည်တော် ၁၈ ဖေဖော်ဝါရီ
အယ်နီညိုဖြစ်စဉ်အခြေအနေ
(က) ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် အနည်းငယ် မြင့်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် အယ်နီညို ဖြစ်စဉ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့်ရာသီဥတုခန့်မှန်းရေး ဗဟိုဌာန များမှ ထုတ်ပြန်ထားပါသည်။
(ခ) ၂၀၁၉ခုနှစ် (ဖေဖော်ဝါရီ-မတ်-ဧပြီ)လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ (၆၅%) အထိရှိနိုင်ပြီး၊ ၂၀၁၉ ခုနှစ်၊ (ဧပြီ-မေ-ဇွန်)လတို့တွင် (၅၀%)နှင့် ၂၀၁၉ ခုနှစ်၊ (ဇွန်-ဇူလိုင်-သြဂုတ်)လတို့တွင် (၄၃%)သို့ ပြန်လည် လျော့ကျလာနိုင်ကြောင်းကို အယ်နီညိုဖြစ်စဉ်အား နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
MDN


