မိုးညို ၁၈ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က အဖွင့်အမှာစကား ပြောကြားပြီး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ကျရောက်လာပါက အစီအမံများ ထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်နိုင်ရေးတို့အား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း(မိုးညို)


