မနီလာ ဩဂုတ် ၃
ဖိလစ်ပိုင်နိုင်ငံ လူဖွန်ကျွန်း၏ တောင်ဘက် ကွီဇွန်ပြည်နယ်၌ ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းက ခရီးသည်တင် ကူးတို့လှေတစ်စင်း တစ်ဝက်နစ်မြုပ်မှုဖြစ်ပွားသဖြင့် လှေပေါ်ပါ လူ ၆၇ ဦးလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ် ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (ပီစီဂျီ) ပြောကြားသည်။
ခရီးသည် ၆၁ နှင့် အမှုထမ်း ခုနစ်ဦး လိုက်ပါလာသည့် ခရီးသည်တင်ကူးတို့လှေသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်က ကွီဇွန်ပြည်နယ် ပိုလီလိုကျွန်းရေပြင်သို့ ဖြတ်သွားစဉ် တစ်ဝက်နစ်မြုပ် သွားကြောင်း၊ ခရီးသည်အားလုံးကို ဘေးကင်းလုံခြုံစွာကင်တင်နိုင်ခဲ့ပြီး သေဆုံးမှုနှင့်ပျောက်ဆုံးမှု မရှိကြောင်း၊ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ခရီးသည်တင် ကူးတို့လှေသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်က ကွီဇွန်ပြည်နယ် ပက်နမ်နွန်ဂန်မြို့မှ အဆိုပါ ပြည်နယ်ရှိ ရီးယဲလ်တောင်းသို့ထွက်ခွာချိန်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အစော ပိုင်းက လှေပေါ်တွင် လူ ၇၀ ခန့် လိုက်ပါကြောင်း မီဒီယာများကဒေသတွင်း ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့ သည့် သီတင်းပတ်ကလည်း အများဆုံး ၄၂ ဦး တင်ဆောင်နိုင် သည့် ခရီးသည်တင်လှေတစ်စင်း မှာ လူပေါင်း ၇၀ နီးပါးသယ်ဆောင် ခြင်းကြောင့် မနီလာမြို့ အရှေ့ ပိုင်း ရီဇယ်ပြည်နယ် လာဂူနာဒီ ပင်လယ်အော်အတွင်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းများ ဝင်ရောက် လေ့ရှိခြင်း၊ သင်္ဘောများထိန်းသိမ်း ရာတွင် အားနည်းမှုနှင့် ဘေးကင်း လုံခြုံရေး စည်းကမ်းများ လိုက်နာ အားနည်းခြင်းတို့ကြောင့်ရေယာဉ် မတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိသည်။
ဆင်ဟွာ


