နယူးယောက် ဩဂုတ် ၃
နယူးယောက်မြို့၌ လက်တင် အမေရိကမှ ရွှေ့ပြောင်းနေထိုင်သူများ အဆမတန် ရောက်ရှိလာ သည့်အတွက် ၎င်းတို့ကို ထားရှိ ရန် ခိုလှုံရာနေရာ အခက်အခဲဖြစ် ပေါ်လျက်ရှိသည်။ ယင်းအတွက် ကြောင့် ခိုလှုံရာနေရာများ ထောက်ပံ့ပေးရန် ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရထံ ယောက်မြို့မှ အရာရှိများက အကူ အညီတောင်းခံခဲ့သည်။
နယူးတက္ကဆက်နှင့် အရီဇိုးနားကဲ့သို့ အချို့သော ရီပက်ဗလစ် ကန် အမတ်များဦးဆောင်သည့် ပြည်နယ်များတွင် ရွှေ့ပြောင်း နေထိုင်သူများကို ဘတ်စ်ကား များဖြင့်တင်ဆောင်ကာ ယောက်မြို့သို့ ပို့ဆောင်လျက်ရှိ သည်။ သမ္မတဂျိုးဘိုင်ဒင် အစိုးရ အဖွဲ့၏ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒကို ဆန့်ကျင် သည့်အနေဖြင့် ယင်းသို့လုပ်ဆောင်ကြခြင်း လည်းဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ကျော်မှာ နယူးယောက်မြို့ လမ်းဘေး၌ အိပ်စက်နေရသည်။ ၎င်းတို့အတွက် အခန်းအပို မရှိတော့ကြောင်း နယူးယောက်မြို့မှ အရာရှိတစ်ဦးကပြောသည်။
ပြီးခဲ့သည့်နှစ်နွေဦးရာသီမှစတင်ကာ ခိုလှုံသူ ၉၅ဝဝဝ မှာနယူးယောက်မြို့သို့ ဝင်ရောက်လာခဲ့ကြသည်။ ပြီးခဲ့သည့်လတစ်လအတွင်း၌ပင် ရွှေ့ပြောင်းနေထိုင်သူ ၁၄၀၀၀ နယူးယောက်မြို့သို့ ဝင်ရောက်လာခဲ့ ကြောင်းသိရသည်။နယူးယောက်မြို့မှာ လိုအပ်သူတိုင်းအတွက် အမိုးအကာ အာမခံချက်ပေးသည့် အတွက် သန့်ရှင်းသောမြို့ဟု လည်း ခေါ်ဝေါ်ကြသည်။
အန်အိတ်ချ်ကေ


