ရှီကျားကျွမ်း ဩဂုတ် ၃

တရုတ်နိုင်ငံမြောက်ပိုင်း ဟူပေပြည်နယ်၌ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီအထိ လူပေါင်း ၁ ဒသမ ၂သန်းကို နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။

နေရာရွှေ့ပြောင်းပေးခဲ့ရသူများထဲမှ လူပေါင်း ၈၅၇၂၀၀ မှာ ရေကြီး မှုဖြစ်ပေါ်နေသည့်နေရာများမှ ဖြစ်သည်။ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ ကြောင့် တရုတ်နိုင်ငံ ဟူပေပြည်နယ် နေရာအစိတ်အပိုင်း အတော် များများတွင် ဇူလိုင် ၂၇ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်း ခဲ့သည်။

ပြည်နယ်အတွင်း ပျမ်းမျှမိုးရေချိန် ၁၄၆ မီလီမီတာထက် ကျော်လွန် သည်ဟု သိရသည်။ ယခုအချိန်အထိ လူပေါင်း ၁၀၀၀၀၀ ကျော် ပါဝင် သည့် ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၄၇၀၀ မှာ ကယ်ဆယ်ရေးလုပ်ငန်း များတွင် ကူညီလုပ်ဆောင်လျက်ရှိသည်။

ဆင်ဟွာ