တိုကျို ဩဂုတ် ၃
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်း၌ ဩဂုတ် ၃ ရက်က အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ခါနွန် ဆက်လက် ဝင်ရောက်တိုက်ခတ်ရာ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အိုကီနာဝါစီရင်စုအတွင်း ပြင်းထန်သော မုန်တိုင်း တိုက်ခတ်မှုများဖြစ်ပွားခဲ့သည်။ ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက် ဝင်ရောက်တိုက်ခတ်သော မုန်တိုင်းကြောင့် အိမ်ထောင်စုပေါင်း ၂၄ ရာခိုင်နှုန်း ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း အရာရှိ တစ်ဦးက ပြောခဲ့သည်။
ဂျပန်နိုင်ငံ ရူမာမြို့၌ အသက် ၈၉ နှစ်အရွယ် အဘွားအိုတစ်ဦး ဖယောင်းတိုင်မီးထွန်းရာမှ မီးလောင်မှုဖြစ်ပွားကာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ထို့အတူ အသက် ၉၀ အဘိုးအိုတစ်ဦးသည် ၎င်း၏နေအိမ်၌ ကားဂိုဒေါင်ပြိုကျခဲ့ရာ အပျက်အစီး များအောက်တွင် မိမိခဲ့ပြီးနောက် ဆေးရုံတင်ခဲ့ သော်လည်း ဆေးရုံပေါ်တွင်ပင် သေဆုံးခဲ့သည်။ လေကြောင်းလိုင်း ၃၁၄ခုနှင့် ခရီးသည် ၄၀၀၀၀ ကျော် မုန်တိုင်းဘေးသင့်ဖွယ်ရှိကြောင်း နိုင်ငံတကာ သတင်းတစ်ခုဖြစ်သော အင်န်အိတ်ချ်ကေတွင် ဖော်ပြထားသည်။
အိုကီနာဝါ ကျွန်းဒေသရှိ ဒေသခံ ပြည်သူများကို မုန်တိုင်းအန္တရာယ်ကို အဆက်မပြတ် သတိထားရန်အာဏာပိုင်များကနှိုးဆော်ထားသည်။ ထို့အပြင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ခါနွန် သည် လမ်းကြောင်းပြောင်းသွားကာ အိုကီနာဝါ ကျွန်းသို့ နောက်တစ်ဖန် ပြန်လည်ဝင်ရောက်နိုင် သောကြောင့် မုန်တိုင်းအန္တရာယ်မပြီးဆုံးသေး ကြောင်း အာဏာပိုင်များက ပြည်သူများကို သတိ ပေးထားသည်။
အင်န်အိတ်ချ်ကေ


