နေပြည်တော်  ၁၈ ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဟင်္သာကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ တို့နှင့်ပူးပေါင်း၍ မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

 

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင်က မှုခင်းလျော့နည်းကျဆင်းရေး၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုများ မဖြစ်ပေါ်စေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတို့အား လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်စိုးနိုင် က မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့အား အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသည့်ကျေးရွာနေပြည်သူ (၁၀၀)အား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ရဲပြန်ကြားမှှ သိရသည်။ 

 

MDN
 

a