ကိုင်ရို ဩဂုတ် ၆
အီဂျစ်သမ္မတ အက်ဗ္ဗဒယ်ဖာတာ အယ်စီစီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)သမ္မတ ရှိတ်မိုဟာမက်ဘင်ဖာရက်အယ်နာရန်နှင့် ဩဂုတ် ၅ ရက်က နယူးအယ်လမိန်မြို့၌ နှစ်နိုင်ငံ အကြား နောက်ထပ်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုကို ဆွေးနွေးကြကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များခိုင်မာအားကောင်းစေရေး နည်းလမ်းများကို ဆွေးနွေး ခဲ့ကြကြောင်း အီဂျစ်သမ္မတက ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားသည်။ ခေါင်းဆောင်နှစ်ဦးသည် အီဂျစ်နှင့် ယူအေအီး နိုင်ငံအကြား အားကောင်းခိုင်မာသည့် ဆက်ဆံရေး များကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြသည်။ သမ္မတ နှစ်ဦးသည် ဒေသတွင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက် မှုများကို ဆွေးနွေး ခဲ့ကြပြီး ကြီးထွားလာသည့် ဒေသ တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရန်အတွက် အာရပ်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အရေးကြီးကြောင်း သဘောတူညီခဲ့သည်။
ဆင်ဟွာ


