အစ္စလာမ္မာတတ် ဩဂုတ် ၆

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ ဩဂုတ် ၆ ရက် ရထားလမ်းချော်မှုဖြစ်ပွားခဲ့ ရာ ၂ ဦးထက်မနည်း သေဆုံး ပြီး လူပေါင်း ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံရဲများက ပြောသည်။

ရှာဒါပေါ်ဒေသ ဆာဟာရီ ဘူတာရုံမှ ထွက်ခွာလာပြီး နောက်ဟာဇာရာအမြန်ရထား၏ လူစီးတွဲ ၁၀ တွဲ လမ်းချော်မှု ဖြစ်ပွားခဲ့သည်ဟု ရဲမှူးကြီး ရှန်ဂဟာ အဘစ်အလီဘလို့ချကဆင်ဟွာသို့ ပြောသည်။

အခင်းဖြစ်ပွားရာ နေရာသို့ ရဲများနှင့် ကယ်ဆယ်ရေးအသင်းများ အလျင်အမြန်ရောက်ရှိလာ ပြီး တွဲချော်နေသည့်တွဲများမှ သူများကို ကယ်တင်ခဲ့သည်။ ထို့နောက် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဒဏ်ရာရရှိ သူများထဲတွင် စိုးရိမ်ရသည့် အခြေအနေရှိသူများ ပါဝင်သဖြင့် သေဆုံးသူဦးရေမှာ ထပ်တိုးလာ နိုင်သည်ဟု ရဲများကပြောသည်။

ဟာဇာရာ အမြန်ရထားမှာ တောင်ပိုင်းဆိပ်ကမ်းမြို့ကရာချိမှ ဩဂုတ် ၆ ရက်တွင် ထွက်ခွာ လာပြီး ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းသို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်သည်။

ရထားလမ်း တွဲချော်မှုကြောင့် ရထားလမ်း အစုန်-အဆန်နှစ်ဖက်စလုံးမှ သွားလာမှုများ ရပ်ဆိုင်းသွားသည်။ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပါကစ္စတန်တပ်ဖွဲ့၏အကူအညီကို ဒေသခံအစိုးရအဖွဲ့က တောင်းခံထားသည်။ ရထားအင်ဂျင်မှာ ဆက် သွယ်မှု ပြတ်တောက်ပြီးနောက် ရထားတွဲချော်မှု ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။ သို့သော်လည်း မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေး ချေ။

ဆင်ဟွာ