ဩဂုတ် ၇

ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် ခရီးသည်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားသဖြင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။

အဆိုပါရထားသည် ယမန်နေ့က ဆင်းဒ်ပြည်နယ် ကရာချိမြို့မှထွက်ခွာလာပြီး မြောက်ဘက်သို့ဦးတည်သွားနေစဉ် လမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုရထားပေါ်တွင် ခရီးသည် ၁၀၀၀ နီးပါး လိုက်ပါလာသည်ဟု သိရသည်။

ရထားတွဲ ၁၀တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ပြီး အချို့တိမ်းမှောက်သွားခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များနှင့် မီဒီယာများက ဖော်ပြထားသည်။ ရထားတွဲလမ်းချော်မှုကြောင့် လူ ၈၀ ကျော်ဒဏ်ရာရရှိသဖြင့် ဆေးရုံအသီးသီးတွင် ကုသမှုခံယူလျက်ရှိသည်။

ရထားတွဲလမ်းချော်ပြီးနောက် ပိတ်မိလျက်ရှိသည့် ခရီးသည်များကို ကယ်ဆယ်မှုများလုပ်ဆောင်နေပုံကို ဗွီဒီယိုဖိုင်တွင် မြင်တွေ့ရသည်။

အာဏာပိုင်များက ထိုရထားတွဲလမ်းချော်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်။

ရထားလမ်းစနစ်များသက်တမ်းကြာမြင့်မှုနှင့် အခြားသောအကြောင်းအရာများကြောင်း နိုင်ငံအတွင်း ရထားတိုက်မိမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို