ရောမ ဩဂုတ် ၇

အီတလီနိုင်ငံ သာဒီနီးယားကျွန်း၌ အကြီးအကျယ် မီးလောင်မှုကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် လူ ၆၀၀ ခန့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသည်။ ကျွန်း၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့ တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပိုမိုဆိုးရွားစွာ မီးတောက်လောင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ က ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

မီးလောင်မှုများအကြား သာဒီနီးယားကျွန်းရှိ ဧရိုပြည်နယ် အရှေ့မြောက်ပိုင်း  ပိုဆာဒါမြို့၌ ဩဂုတ် ၆ ရက်နေ့လယ်ပိုင်းက ဆိုးရွားသည့်မီးလောင် မှုတစ်ခုဖြစ်ပွားခဲ့သဖြင့် ခရီးသွားများအကြား ရေပန်းစား သည့် အနီးနားရှိကမ်းရိုးတန်းကျေးရွာများဆီသို့ လေပြင်းများတိုက်ခတ်သဖြင့် ဆိုးရွားသည့်အခြေအနေ တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း အေအင်န်အက်စ်အေ သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။ ဩဂုတ် ၇ ရက် အစောပိုင်းအထိ Canadair မီးသတ်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မီးသတ် သမားများက မီးငြှိမ်း သတ်လျက်ရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် လယ်ယာများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဖယ်ရာဇီကမ်းခြေရှိ မွေးမြူရေးခြံများ လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ