ဗီယင်ကျန်း ဩဂုတ် ၇
လာအိုနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှု၏ အကျိုးဆက်အနေဖြင့် ရေကြီး ရေလျှံမှုနှင့် မြေပြိုကျမှုများ ဖြစ်ပွားသောကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်ကစတင်ခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုများက လာအိုနိုင်ငံ နေရာအနှံ့ရေလွှမ်းမိုး မှုများ ဖြစ်ပွားခဲ့သည့်အပြင် နေအိမ်နှင့် လယ်ယာ မြေများပျက်စီးကာ လမ်းများနှင့် အခြားအခြေခံ အဆောက်အအုံများ ရေစီး၌မျောပါသွားခဲ့ကြောင်း ခမ်းမွန်းပြည်နယ်အုပ်ချုပ်ရေးမှူး ဗန်ဇေဖောင် ဆာဗန်ရ်၏ပြောကြားချက်ကို Laophattarna နေ့စဉ်သတင်းဌာနက သြဂုတ် ၇ ရက်တွင် ကိုးကားဖော်ပြထားသည်။
လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်း၏ အရှေ့ တောင်ဘက် ၂၅၀ ကီလိုမီတာခန့် အကွာ ခမ်းမွန်း ပြည်နယ် ကောင်းခမ်းခရိုင်မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ကျေးရွာ ၁၄ ရွာမှ လူပေါင်း၁၂၀၀၀ ကျော် သို့မဟုတ် ခရိုင်လူဦးရေ၏ ထက်ဝက် ခန့်မှာ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရကြောင်း သိရသည်။ မိုးလေဝသအခြေအနေကို စောင့်ကြည့် ရန်နှင့် ဖြစ်ပေါ်လာနိုင်သော လျှပ်တစ်ပြက်ရေကြီး ရေလျှံမှုနှင့် မြေပြိုကျမှုများအတွက် သတိဝီရိယ ရှိကြရန် နိုင်ငံတစ်ဝန်းရှိ နိုင်ငံသားများအား အကြံပြု တိုက်တွန်းသော သတိပေးချက်ကို ဩဂုတ် ၇ ရက် တွင် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
လာနိုင်ငံတစ်ဝန်း မိုးဆက်လက်ရွာသွန်းနိုင် ဖွယ်ရှိသည့်အတွက် မြစ်ရေများ ထပ်မံမြင့်တက်ကာမြစ်ရေလျှံမှုဖြစ်ပွားနိုင်ကြောင်း သိရသည်။ လာအိုဒုတိယဝန်ကြီးနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှကော်မတီဒုတိယဥက္ကဋ္ဌ ခမ်းဘေခတ် သီယာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုဖြစ်ပွားသည့်ပြည်နယ်များမှရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း များ ပေးအပ်သောအခမ်းအနားကို ဩဂုတ် ၆ ရက် တွင် စတင်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


