ပခုက္ကူ  ၁၈  ဖေဖော်ဝါရီ 

 

ပခုက္ကူမြို့နယ်အတွင်း မှုခင်းကျဆင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို  ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက မြို့သစ်ရပ် လောကမာရ်အောင်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဟောပြောပွဲတွင်  ပခုက္ကူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးက မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး အ ကြောင်းအရာများ၊ ရဲလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာရေး အကြောင်း အရာတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောခဲ့သည်။


အေအေတီ