ဩဂုတ် ၉
သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် ဩဂုတ်လ ၈ ရက်အထိ နိုင်ငံခြားခရီးသွား ၈၀၀၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအာဏာပိုင်အဖွဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင်ပြောကြားသည်။
ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်က သီရိလင်္ကာနိုင်ငံသို့ဝင်ရောက်သော နိုင်ငံခြားခရီးသွားဦးရေထက် ပိုမိုများပြားသည်ဟု ၎င်းကဆိုသည်။
သီရိလင်္ကာနိုင်ငံသို့ ဩဂုတ်လ ပထမခြောက်ရက်အတွင်း နိုင်ငံခြားခရီးသွား ၃၀၃၀၃ ဦးဝင်ရောက်ကြောင်း ထိုအာဏာပိုင်အဖွဲ့ဉက္ကဌ ဖာနန်ဒိုက မီဒီယာကို ပြောကြားသည်။
ဩဂုတ်လအတွင်း ဝင်ရောက်သော နိုင်ငံခြားခရီးသွားများတွင် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဖြစ်သည်ဟု ၎င်းကဆိုသည်။ ၂၀၂၂ ခုနှစ်က နိုင်ငံအတွင်းသို့ နိုင်ငံခြားခရီးသွား ၇၂၀၀၀၀ အောက် ဝင်ရောက်ခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လက နိုင်ငံခြားခရီးသွား ၁၄၃၀၃၉ ဦးဝင်ရောက်ခဲ့ရာ ဇွန်လသည် သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဦးရေရောက်ရှိမှု အများဆုံးသောလအဖြစ် စံချိန်တင်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


