ဩဂုတ် ၁၀
ဟာဝိုင်အီရှိမောအီကျွန်းတွင် တောမီးများလောင်ကျွမ်းမှုကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၂၁၀၀ ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြသည်။
ဩဂုတ်လ ၈ ရက်မနက်ပိုင်းက ဟာဝိုင်အီရှိ ကျွန်းများတွင်တောမီးလောင်ကျွမ်းမှုများဖြစ်ပွားပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် မီးများလျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းခဲ့သည်။
အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဟာဝိုင်အီ၏တစ်ချိန်ကမြို့တော်ဖြစ်သည့် လာဟိန်နာခရီးသွားမြို့အလယ်ဗဟိုအထိ ရောက်ရှိခဲ့သည်။
နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် သစ်ပင်ကြီးတစ်ပင်နှင့် ဂျပန်ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်း မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသတွင်းမီဒီယာကဖော်ပြထားသည်။
ထိုမီးလောင်ကျွမ်းမှုများကြောင့် မီးဘေးမှလွတ်မြောက်ရန် သမုဒ္ဒရာထဲသို့ဆင်းပြေးသူ ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု အမေရိကန်ကမ်းရိုးတန်းတပ်ဖွဲ့က ဆိုသည်။
ဟာဝိုင်အီကျွန်းတွင်လည်း ဩဂုတ်လ ၈ ရက်က တောမီးများလောင်ကျွမ်းခဲ့သည်။ ခရီးသွားများနှင့်ဒေသခံများကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။
မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက ၎င်းကျွန်းများပေါ်တွင် မီးများငြှိမ်းသတ်ကာကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


