ဩဂုတ် ၁၁
တောင်ကိုရီးနိုင်ငံ မြောက်ပိုင်းသို့ တိုင်ဖွန်းမုန်တိုင်းခါနွန် ဦးတည်တိုက်ခတ်နေမှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့သည်။
တောင်ကိုရီးယားအစိုးရက လူပေါင်း ၁၀၀၀၀ ကျော်အား ယမန်နေ့ မွန်းလွဲပိုင်းက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အာဏာပိုင်အဖွဲ့က လမ်းများပေါ်တွင်ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများဖြစ်ပွားခြင်းတို့နှင့်ပတ်သက်ပြီး နိုင်ငံတစ်ဝန်းရှိ နိုင်ငံသားများအား သတိဖြင့်နေထိုင်ကြရန် သတိပေးပြောကြားထားသည်။
ကိုရီးယားမိုးလေဝသအဖွဲ့က ခါနွန်မုန်တိုင်းသည် ဩဂုတ်လ ၁၀ ရက် ညပိုင်းတွင် ဆိုးလ်မြို့တော်သို့ ချဉ်းကပ်ရောက်ရှိပြီး ဩဂုတ် ၁၀ နှင့် ၁၁ ရက်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။
လွန်ခဲ့သောလက တောင်ကိုရီးယားနိုင်ငံတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၅၀ ကျော်သေဆုံး၊ ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ရေဘေးသင့်မှုကြောင့် ပြင်ဆင်မှုလုပ်ဆောင်နေစဉ်အတွင်း ၎င်းမုန်တိုင်းတိုက်ခတ်သဖြင့် အပျက်အစီးများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


