ကွီတို ဩဂုတ် ၁၀

ယခုလနှောင်းပိုင်းတွင် သမ္မတရွေးကောက်ပွဲအတွက် အီကွေဒေါနိုင်ငံ၏ ရွေးကောက်ပွဲဝင်သူဖာနန်ဒို ဗီလာဗီဆန်စီအိုသည် အီကွေဒေါနိုင်ငံ၏ မြို့တော်ကွီတိုမြို့၌ နိုင်ငံရေးဆိုင်ရာ လူထုစည်းဝေးပွဲတစ်ခု ပြုလုပ်ပြီးနောက် လက်နက်ကိုင်တိုက်ခိုက်မှုကြောင့် ဩဂုတ် ၉ ရက်က သေဆုံးခဲ့ကြောင်း အီကွေဒေါ သမ္မတ ဂွီလာမို လက်ဆိုက အတည်ပြုပြောကြားသည်။

လုံခြုံရေးဆိုင်ရာအစိုးရအဖွဲ့သည် အစိုးရရုံးစိုက်ရာ ကာရွန်ဒလက်နန်းတော်၌ တွေ့ဆုံမည်ဖြစ်ပြီး အမျိုးသားရွေးကောက်ပွဲကောင်စီဥက္ကဋ္ဌ ဒီယာနာအက်တာမင့်၊ ပြည်နယ်ရှေ့နေချုပ် ဒီယာနာ ဆာလာဇာ တို့နှင့် အခြားသောနိုင်ငံ၏အာဏာပိုင် အဖွဲ့များမှ တာဝန်ရှိသူများ အစည်းအဝေး တက်ရောက်ရန် တောင်းဆိုထားကြောင်း သမ္မတက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ဩဂုတ် ၂၀ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ၁၁ ရက် အလို ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွင်း ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ