ဟာဝိုင်ယီ ဩဂုတ် ၁၀
ဟာဝိုင်ယီပြည်နယ်ရှိ မော်အီကျွန်းတောမီးကြောင့် လူပေါင်း၃၆ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၂၁၀၀ကျော် ဘေးလွှတ်ရာသို့ပြောင်းရွှေ့ခဲ့ရသည်။
လေပြင်းများတိုက်ခတ် သြဂုတ်၈ရက်တွင် ဟာဝိုင်ယီ ပြည်နယ်ရှိ ကျွန်းအတော်များများ ၌ တောမီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ တစ်ဆက်တည်း ဖြစ်ပေါ်နေသည့်သွယ်တန်း နေသောကျွန်းများ၏ တောင်ဘက်ကိုဖြတ်ကျော် တိုက်ခတ်လာသောဟာရီကိန်း မုန်တိုင်းကြောင့်လေပြင်းများ တိုက်ခတ်ခဲ့ပြီး တောမီးများ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လောင်ကျွမ်း ခဲ့ကြောင်းသိရသည်။
ဒေသခံပြည်သူ ၁၁၀၀၀ သည် ဩဂုတ် ၈ ရက်က မော်အီကျွန်းကို စွန့်ခွာခဲ့ကြောင်းဒေသအာဏာပိုင် များက ပြောသည်။ကျွန်းပေါ်၌ မီးတောက်များ သည် ခရီးသည်များ လာရောက်အပန်းဖြေရာ ဟာဝိုင်ယီပြည်နယ် ၏မြို့တော်ဖြစ်ခဲ့ဖူးသော လာဟိုင်နာမြို့လယ်အထိ ရောက်ရှိလာပြီဖြစ်သည်။
ဂျပန်ဘုရားကျောင်း မီးစွဲ ဂျပန်ဘုရားကျောင်းနှင့် နှစ် ပေါင်း ၁၀၀ ကျော်ရှိသော သစ်ပင် ကြီးများ မီးစွဲလောင်ခဲ့ကြောင်း ဒေသမီဒီယာများတွင် သတင်း များ ဖော်ပြခဲ့သည်။၁၂ဦးကိုကယ်ဆယ် မီးခိုးငွေ့များမှ ဘေးလွတ်ရာ ပင်လယ်ဘက်သို့ တိမ်းရှောင်ထွက်ပြေးခဲ့သူ၁၂ဦးကိုကယ်ဆယ်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
ကယ်ဆယ်ရေးလုပ်ဆောင်ကျွန်းပေါ်တွင်မီးငြှိမ်းသတ်ခြင်းနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ


