ဟူစတန် ဩဂုတ် ၁၀
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့ မြောက်ပိုင်းရှိ စီဒရာပါ့ခ်မြို့၌ ဩဂုတ် ၉ ရက်က တောမီးလောင် မှုဖြစ်ပွားခဲ့ရာ မြေ ဧက ၅၀ ခန့် မီးလောင်ခဲ့ရသည်။
ထို့ပြင် လူနေတိုက်ခန်းတွဲ အဆောက်အအုံတစ်လုံးလည်း မီးလောင် ခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ လူနေတိုက်ခန်း တစ်ခန်း၊ နေအိမ် ၉၅ လုံးနှင့် အနီးအနားရှိ စီးပွားရေးလုပ်ငန်းများကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ရန် ဩဂုတ် ၈ ရက်ကတည်းက အမိန့်ထုတ်ထားခဲ့ ကြောင်း စီဒရာပါ့ခ် ရဲဌာနက သတင်းထုတ်ပြန်သည်။
တောမီးကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်ရှိ တက္ကဆက်ပြည်နယ်၌ စီဒရာပါ့ခ်အပါအဝင် တောမီးလောင်မှုပေါင်း ၁၁ ခုရှိနေပြီး ဩဂုတ် ၉ ရက်တွင် စီဒရာပါ့ခ်ရှိ တောမီးကို ကျယ်ကျယ် ပြန့်ပြန့် ငြိမ်းသတ်နိုင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ တောမီးလောင်မှ များ၏အခြေအနေများကို တက္ကဆက်အေအန်အမ် သစ်တောဝန်ဆောင် မှုမှ စောင့်ကြည့်လျက်ရှိသည်။
တက္ကဆက်ပြည်နယ်အတွင်းရှိ တောမီးများမှာ ယခင်နှစ်ကလောက် ပြင်းထန်ခြင်းမရှိကြောင်း၊ ယခင်နှစ်က တက္ကဆက်ပြည်နယ်အတွင်း မြေဧကပေါင်း ၅၃၈၀၀၀ မီးလောင်ပျက်စီးခဲ့ရကြောင်း၊ ယခုနှစ်တွင်မူ မြေဧကပေါင်း ၅၅၀၀၀ မီးလောင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ဆင်ဟွာ


