နေပြည်တော် ၁၈ ဖေဖော်ဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် UEHRD ပြည်ထောင်စုစီမံကိန်း ၏ International Relations Task Force နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော Asia Philanthropy Circle (APC)လူမှုရေးအသင်းမှ ကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် UEHRD ၏ International Relations Task Force မှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အာရှဒေသဖွံ့ဖြိုးရေးကို ရှေးရှုလုပ်ကိုင်နေ သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Asia Philanthropy Circle (APC) အဖွဲ့နှင့်ပူးပေါင်း၍ မြောက်ဦးမြို့တွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုတည်ဆောက်ရန် ပညာရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ဒေသခံပြည်သူများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


