တိုကျို ဩဂုတ် ၁၃
ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် အသံထက်မြန်သော ဒုံးကျည် များကို ထောက်လှမ်းနိုင်သည့် ကြားဖျတ်ဟန့်တားနိုင်သော ဒုံးခွင်း စနစ်သစ်အမျိုးအစားကို ပူးတွဲထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်ပြီး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် ဟန့်တားမှုနှင့် တုံ့ပြန်နိုင်မှုစွမ်းရည်များကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ကြားဖြတ်ဖျက်ဆီးနိုင်သော ဒုံးခွင်းစနစ်သစ်အမျိုးအစားကို ပူးပေါင်း ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံသည် ဂြိုဟ်တု စုစည်းခြင်း အစီအစဉ်တစ်ရပ်မိတ်ဆက်ခြင်းအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်လည်း မျှော်လင့်ထားသည်။
အဆိုပါ အစီအစဉ်တွင် ထောက်လှမ်းစုစည်းနိုင်မှု စွမ်းဆောင်ရည် များကို မြှင့်တင်ရေးနှင့်ပတ်သက်ပြီး အတူတကွလုပ်ဆောင်ရာ၌ ဂြိုဟ်တုငယ်များလည်း ပါဝင်ဖွယ်ရှိကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ကြာသပတေးနေ့တွင် စတင်မည့် အမေရိကန်နိုင်ငံသို့ ကီရှီဒါ၏ ခရီးစဉ်အတွင်း ကျင်းပရန်ရှိသည့် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတွင် သဘောတူညီမှု ရယူနိုင်ဖွယ်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


