ဩဂုတ် ၁၄

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ မော်အီကျွန်းတွင် တောမီးလောင်မှုကြောင့် သေဆုံးသူ ၉၃ ဦး အထိရှိလာကြောင်း  မော်အီဒေသ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုနေ့အစောပိုင်းက တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၈၉ ဦး ရှိခဲ့သည်။ အမေရိကန်နိုင်ငံသမိုင်းတွင် သေဆုံးမှုအများဆုံး သေဆုံးမှုဖြစ်လာမည်ဟု တာဝန်ရှိသူများက ယူဆထားသည်။

နွေရာသီ၏ရာသီဉတုခြောက်သွေ့မှုကြောင့် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်ခဲ့ရာမှ လေပြင်းများတိုက်ခတ်မှုကြောင့် မော်အီကျွန်းတွင် တောမီးများလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရာတွင် စက်ကိရိယာများနှင့်လူအင်အား ကန့်သတ်ချက်ကြောင့် နှောင်းနှေးမှုဖြစ်ပေါ်စေနိုင်သည်။

ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ရှ်ဂရင်းက ဩဂုတ်လ ၁၂ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သေဆုံးသူဦးရေ ဆက်လက်တိုးလာနိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို