တိုကျို ဩဂုတ် ၁၄
တိုင်ဖွန်းမုန်တိုင်း “လန်”သည် ဂျပန်နိုင်ငံ၏ ပင်မကျွန်းဖြစ်သည့် ဟွန်ရှူးကျွန်းပေါ်သို့ ဦးတည်ရွေ့လျား လာနေကြောင်း သိရသည်။ အိုဆာကာ၊ ကျိုတိုနှင့် နာဂိုယာတို့သည် မုန်တိုင်းလမ်းကြောင်းတွင် ကျရောက် နိုင်ဖွယ်ရှိသည့် အဓိကမြို့ကြီးများဖြစ်သည်။
အဆိုပါ မုန်တိုင်းသည် ဩဂုတ် ၁၅ ရက်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖွယ်ရှိကြောင်း မျှော်လင့် ရပြီး ဒေသခံပြည်သူများအနေဖြင့် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရန် တတ်နိုင်သမျှ လုပ်ဆောင် လျက်ရှိသည်။ တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံတောင်ဘက် ရေပြင်သို့ ဖြည်းညင်းစွာ ရွေ့လျားနေကြောင်း အာဏာပိုင်များက ပြောသည်။
တစ်နာရီလျှင် လေတိုက်နှုန်းမှာ ၁၂၆ ကီလိုမီတာအထိ တိုက်ခတ်နိုင်ဖွယ်ရှိသည်။ ဩဂုတ် ၁၅ ရက် အထိ အစ်နုကျွန်းတစ်ဝိုက်နှင့် ဂျပန်နိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းရှိ ကမ်းရိုးတန်းဒေသများတွင် ပင်လယ်လှိုင်းကြီးနိုင်သည်။ထို့အပြင် အင်္ဂါနေ့မွန်းလွဲပိုင်းအထိ ၂၄ နာရီအတွင်း တိုကိုင်းဒေသဝန်းကျင်တွင် မိုးသက်မုန်တိုင်းကျရောက်ကာ မိုးရေချိန် မီလီမီတာ ၄၀၀ အထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ မြေပြိုကျခြင်း၊ ရေကြီးရေလျှံခြင်း၊ မြစ်ရေလျှံခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများအတွက် သတိ ရှိကြရန် ပြည်သူများအား အာဏာပိုင်များက တိုက်တွန်းထားသည်။ ရှင်ကန်းဆန်း ကျည်ဆန်ရထားပြေးဆွဲမှု ကုမ္ပဏီများကလည်း နာဂိုယာနှင့် အိုကာယာမာတို့အကြား ပြေးဆွဲမှုအားလုံးကို ဩဂုတ် ၁၅ ရက်တွင် ရပ်ဆိုင်းသွားဖွယ်ရှိသည်။ ထို့အပြင် တိုကျိုနှင့် နာဂိုယာအကြား ပြေးဆွဲမှုများကိုလည်း သိသိသာသာ လျှော့ချသွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ


