နယူးဒေလီ ဩဂုတ် ၁၄
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်သည့် ဟီမာချယ်ပရာဒက်ရှ်တွင် မိုးရွာသွန်းမှုနှင့် ဆက်စပ် သည့် ဖြစ်စဉ်များကြောင့် ၂၁ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဩဂုတ် ၁၄ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူအများအပြား သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၂၁ ဦး ရှိကြောင်ေဟီမာချယ်ပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ဆွတ်ခ်ဗင်ဒါဆင်းဆူခူးက ပြောကြားသည်။
ရှင်းမ်လားမြို့၏ ဆမ်းမားတောင်ကုန်းဒေသရှိ သျှစ်ဗ် ဘုရားကျောင်းတွင် မြေပြိုမှုဖြစ်ပွားပြီး ငါးဦး သေဆုံးခဲ့ကြောင်း၊ အပျက်အစီးများအောက်တွင်ပိတ်မိနေသည်ဟု ယူဆရသည့် အခြားလူ အများအပြား ပျောက်ဆုံး နေကြောင်း တာဝန်ရှိသူများ ကပြောသည်။ အလားတူ ပါ့ဂ်လိဒေသ၌ မြေပြိုမှုကြောင့် လေးဦးသေဆုံးခဲ့သည်။ဆိုလန်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိသားစုဝင် ခုနစ်ဦး သေဆုံး ပြီး ဘလယ်ရာရွာတွင် မြေပြိုမှုကြောင့်အလားတူ မန်ဒီမြို့၌တစ်ဦးသေဆုံးခဲ့သည်။
မြေပြိုမှုဖြစ်ပွားပြီးနောက် အိမ်တစ်လုံးပိမိပြီး သေဆုံးသူနှစ်ဦးနှင့် ဘန်ဘိုလာကျေးရွာတွင် အိမ်ခြံ ကျပြီးနောက် သေဆုံးသူနှစ်ဦး ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်၌ဇွန်လနှောင်းပိုင်း မုတ်သုံရာသီစတင်ချိန်မှစ၍မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် လူ့အသက်နှင့် ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ရသည်။
ဩဂုတ်၁၃ရက် ညနေပိုင်းအထိမိုးရွာသွန်းမှုနှင့် ဆက်စပ်သေဆုံးသူ ၂၅၇ ဦး ရှိပြီးမိုးသည်းထန်စွာရွာ သွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ပြည်နယ်အတွင်း လမ်းပေါင်း၇၅၂ခုကို လည်း ပိတ်ထား ခဲ့ရကြောင်း ပြည်နယ်အရေးပေါ် ကယ်ဆယ်ရေးဌာနက ပြောကြားသည်။
ဆင်ဟွာ


