နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်- မြန်မာနှစ်နိုင်ငံ လွှတ်တော်အချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စ၊ လွှတ်တော်၏ဥပဒေပြုရေးလုပ်ငန်းများနှင့် လွှတ်တော်ရေးရာ လုပ်ငန်းများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒေသတွင်းဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အလားတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌဦးထွန်းထွန်းဟိန်သည် International IDEA မြန်မာရုံး၏ ဌာနေအကြီးအကဲ Mr. Mark McDowell အား မွန်းလွဲ ၃ နာရီခွဲတွင် အဆိုပါ ရုံးခန်း၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် International IDEA အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍဖြစ်သော တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာများနှင့် ဥပဒေပြု ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်မှုမြှင့်တင်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏အနာဂတ်ဖက်ဒရယ်နိုင်ငံ အကောင်အထည်ဖော်ရေးအတွက် အခြေခံလိုအပ် ချက်များနှင့်စပ်လျဉ်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အကူအညီပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


