နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံအမတ်ကြီး H. E. Mr. Staffan Herrstrom အား ယနေ့ မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မြဲအောင် တည်ဆောက်ရေး၊ လွှတ်တော်အရည်အသွေးမြှင့်တင်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ် လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲ ၃ နာရီတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


