နေပြည်တော် ၁၈  ဖေဖော်ဝါရီ 
    

မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြ မူဝါဒရေးဆွဲဆောင်ရွက်ရန်အတွက် "အမျိုးသားမြို့ပြ မူဝါဒရေးဆွဲရေးကော်မတီ ( National Urban Committee - NUC )" ဖွဲ့စည်းနိုင်ရေး ကြိုတင် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြ မူဝါဒရေးဆွဲဆောင်ရွက်ရာတွင် ထိရောက်စွာအကျိုးရှိရန် အကြံပြုခြင်းနှင့် မဟာဗျူဟာကျ သော လမ်းညွှန်မှုများကို ပေးအပ်နိုင်ရန်အတွက် "အမျိုးသားမြို့ပြ မူဝါဒရေးဆွဲရေးကော်မတီ" အား ဖွဲ့စည်းနိုင်ရန် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ National Urban Policy(NUP) ချမှတ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇွန် ၄ ရက်တွင် အမျိုးသားမြို့ပြ မူဝါဒ မူဘောင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အမျိုးသားမြို့ပြ ညီလာခံအကြို အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများမှ ရလဒ်များအရ မူဝါဒများကို ဦးစားပေးကဏ္ဍအလိုက် ရွေးချယ်မှုများ ပြုလုပ်ခဲ့ ကြောင်း၊ NUPP လုပ်ငန်းစဉ်အရ(၂၀၂၀ခုနှစ်)တွင် NUP ကို အပြီးသတ်ရေးဆွဲပြီး National Urban Forum (NUF) ကိုကျင်းပ၍ အတည်ပြုဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ "အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေးကော်မတီ"အား ဖွဲ့စည်းဆောင်ရွက်ရာတွင် Myanmar Sustainable Development Plan (MSDP - 2030) နှင့်လိုက်လျောညီထွေရှိသည့် အမျိုးသား မြို့ပြ မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြား သည် ။
    

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က အမျိုးသားမြို့ပြ မူဝါဒရေးဆွဲဆောင်ရွက် ခြင်းနှင့် အမျိုးသားမြို့ပြ မူဝါဒရေးဆွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြို့ပြမူဝါဒရေးဆွဲရေး ဦးစားပေးလုပ်ငန်းနယ်ပယ်များကို ရှင်း လင်းတင်ပြကြသည်။

    

ယင်းနောက် ကော်မတီ(မူကြမ်း)အဖွဲ့ဝင်များက "အမျိုးသားမြို့ပြမူဝါဒ ရေးဆွဲရေး ကော်မတီ" ဖွဲ့စည်းနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် စကားပြောကြားသည်။

    

ကမ္ဘာ့နိုင်ငံအသီးသီးတွင် New Urban Agenda လုပ်ငန်းစဉ် (၂၀၁၆ - ၂၀၃၆) ချမှတ်၍ National Urban Policy ရေးဆွဲခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း အမျိုးသားမြို့ပြ မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် UN-Habitat တို့၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အဖြစ် National Urban Policy Program (NUPP) အစီအစဉ် (၂၀၁၇-၂၀၁၉)ကို ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ ဖြင့် ဆောင်ရွက်လျက်ရှိသည်။

    

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိတ်ဖက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)

 

IMG_2019