ဖနောင်ပင် ဩဂုတ် ၁၆

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမခုနစ်လအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၃၀၃၇၃၄၄ဦးရှိကြောင်း၊ ပြီးခဲ့သည့်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ၇၄၃၄၅၉ ဦးသာ ရှိသည့်အတွက် ၃၀၈ ရာခိုင်နှုန်းသိသိသာသာ မြင့်တက်လာကြောင်း ဩဂုတ် ၁၆ ရက်တွင် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင် လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားခရီးသွား များအနက် ထိုင်းနိုင်ငံက အများ ဆုံးဖြစ်ပြီး ၎င်းနောက်တွင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့က အများဆုံးဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားများအနက်၁၀၆၅၂၃၃ ဦးမှာ လေကြောင်း မှ တစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ၂၃၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံထုတ်ပြန် ချက်အရ သိရသည်။

ထို့အပြင် ကုန်းကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဦးရေမှာ ၁၉၇၂ ၁၁၁ ဦးရှိပြီး ၃၆၂ ရာခိုင် နှုန်း မြင့်တက်လာကြောင်း သိရ သည်။ ယခုကိန်းဂဏန်းအချက်အလက်များကို အခြေခံကာ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်တွင် နိုင်ငံတကာခရီးသွား ဝင်ရောက်မှုအနည်းဆုံး ငါးသန်းခန့် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ခရီးသွားလုပ်ငန်း ဝန်ကြီး သောင်ခွန်းက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂ဝ၂၂ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ၂ ဒသမ၂၇ သန်းသာရှိခဲ့ကြောင်း ပြောသည်။

ဆင်ဟွာ