ဩဂုတ် ၁၈
ကိုလံဘီယာနိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့က ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မီတာနှင့် ကန်ဒီနာမာကာဒေသများတွင် ပျက်စီးမှုများပြားပြီး တစ်ဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
မြို့တော်ဘိုဂိုတာတွင် ငလျင်လှုပ်ခတ်မှုပြင်းထန်ခဲ့ကြောင်း၊ ထိုမြို့၏တောင်ဘက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသည် ထိတ်လန့်သွားပုံရပြီး ပြိုကျမည့်အဆောက်အအုံ ၁၀ ထပ်၏ပြတင်းပေါက်မှ ခုန်ချခဲ့သဖြင့် ထိုအမျိုးသမီး သေဆုံးသွားခဲ့သည်ဟု မြို့တော်ဝန် ကလော်ဒီယာလိုပက်ဇ်ကပြောကြားသည်။
လိုပက်ဇ်က ဒေသခံများအား ၎င်းတို့၏ နေအိမ် သို့မဟုတ် လုပ်ငန်းခွင်များသို့ မပြန်မီ နံရံများနှင့် အမိုးများ ပျက်စီးမှု ရှိမရှိ စစ်ဆေးရန်နှင့် ငလျင်လှုပ်ခတ်မှုကြောင့် အက်ကွဲကြောင်းကြီးများဖြစ်ပေါ်လာပါက ချက်ချင်းသတင်းပို့ရန် အကြံပြု ထားသည်။
ထိုငလျင်လှုပ်ခတ်မှု၏ဗဟိုချက်ဖြစ်သော မီတာတွင် ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အများအပြားပျက်စီးသွားသည်။ ကန်ဒီနာမာကာတွင် ငလျင်လှုပ်မှုကြောင့် မြေပြိုမှုအများအပြားဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ပျက်စီးသွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


