ဩဂုတ် ၂၁
သီရိလင်္ကာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမ ခုနစ်လအတွင်း လာရောက်လည်ပတ်သော တရုတ်ခရီးသွားဦးရေ ၃၀၀၀၀ နီးပါးရှိကြောင်း သီရိလင်္ကာခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါအဖွဲ့၏ပြောကြားချက်အရ ၂၀၂၂ ခုနှစ်က သီရိလင်္ကာနိုင်ငံသို့ တရုတ်ခရီးသွား ၂၀၀၀ ဝန်းကျင်သာ လာရောက်လည်ပတ်သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း သီရိလင်္ကာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ ၇၆၇၉၁၃ ဦး ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


