ဩဂုတ် ၂၁
ဂျပန်နိုင်ငံနေရာအနှံအပြားတွင် အပူချိန် ၃၅ ဒီဂရိတ်စင်တီဂရိတ်အထက်ရှိပြီး ဩဂုတ်လ ၂၁ ရက်တွင် အပူချိန် ဆက်လက်မြင့်မားလျက်ရှိသည်။ ကျိုတိုမြို့တွင် နေ့အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ရှိပြီး အိုဆာကာ၊ တော့တိုရီနှင့် ဆာဂါမြို့များတွင် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ဖော်ပြထားသည်။တိုကျိုမြို့တွင် အပူချိန် ၃၅ ဒီဂရီရှိသည်ဟု ယူဆရသည်။ ဂျပန်နိုင်ငံတစ်ဝန်းတွင် အပူလျှပ်ခြင်းဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားသည်။ မိုးလေဝသတာဝန်ရှိသူများသည် အပူချိန်၊ စိုထိုင်းဆနှင့် နေရောင်ခြည်ဖြာထွက်မှုတို့ကို အခြေခံပြီး အပူဆိုင်ရာအညွှန်းကိန်း ကို စစ်ဆေးရန်နှင့် လိုအပ်သည့်ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ပြောကြားထားသည်။
ကျူရှူနှင့် တိုဟိုကူကျွန်းမြောက်ပိုင်းတွင် ပူနွေးစိုစွတ်သောလေတိုက်မှုနှင့် အပူချိန်များမြင့်တက်မှုတို့သည် မတည်မငြိမ်သောလေထုအခြေအနေများကိုဖန်တီးပေးပြီး ယနေ့နှောင်းပိုင်းတွင် မိုးသက်မုန်တိုင်းများဖြစ်ပေါ်မည်ဟု ယူဆရသည်။
တာဝန်ရှိသူများက ရွှံ့မြေပြိုကျမှု၊ မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးမှု၊ မြစ်ချောင်းများ ရေကြီးရေလျှံမှု၊ မိုးကြိုးပစ်မှုနှင့် လေဆင်နှာမောင်းများအပါအဝင် လေပြင်းတိုက်မှုတို့အတွက် နိုင်ငံသားများအား သတိဖြင့်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


