ဩဂုတ် ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုလအတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀၀၀ ကျော်ရှိပြီး ယင်းရောဂါဖြင့် ၂၃၄ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၉၇ ဦး ရှိသည်။ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၂၁၉၁ ဦးရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထိုရောဂါဖြစ်ပွားသူဦးရေ တစ်သိန်းကျော်ရှိလာသည်။

ဩဂုတ်လအတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၃၅၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန ( ဒီဂျီအိတ်ချ်အက်စ်)က ဖော်ပြထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်သေဆုံးသူ ကိုးဦးရှိကာ သေဆုံးသူပေါင်း ၄၈၅ ဦးအထိ ရှိလာသည်ဟု ဒီဂျီအိတ်ချ်အက်စ်က ဆိုသည်။

နိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၉၄၀၂၀  ရှိကြောင်း ဒီဂျီအိတ်ချ်အက်စ်က ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို