အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်တွင်  ၈၄ နှစ်အတွင်း အပူပိုင်းမုန်တိုင်း ပထမဆုံးအကြိမ် ၀င်ရောက်တိုက်ခတ်ခဲ့သည်။

စံချိန်တင်မိုးရွာသွန်းမှုကြောင့် ခြောက်သွေ့သောကုန်းတွင်းပိုင်းဒေသများတွင် ရေကြီးရေလျှံမှုနှင့် ရွှံ့မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတွင် ဟီလာရီမုန်တိုင်းသည် ဟာရီကိန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းသို့ မဝင်ရောက်မီ ဩဂုတ်လ ၂၀ ရက်က အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲခဲ့သည်။

အဆိုပါအပူပိုင်းမုန်တိုင်းသည် ကယ်လီဖိုးနီးယားပြည်နယ်ကို ၁၉၃၉ ခုနှစ်ကနောက်ဆုံးအကြိမ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ထိုပြည်နယ်က လော့စ်အိန်ဂျလိစ်အပါအဝင် ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတို့တွင် ၎င်း၏ပထမဆုံးသော အပူပိုင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

နွေရာသီတွင် ပုံမှန်အားဖြင့် ခြောက်သွေ့သောဒေသအတွက် မိုးရွာသွန်းမှုပမာဏများပြားခြင်းသည် အလွန်ရှားပါးသော ဖြစ်ရပ်ဖြစ်သည်။

ကုန်းတွင်းပိုင်းဒေသအများအပြားတွင် ရေကြီးမှု၊ ရွှံ့မြေပြိုကျမှု၊ ကျောက်ဆောင်များပြိုကျမှုနှင့် သစ်ပင်များပြိုလဲမှု တို့ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်အထိ ဒဏ်ရာရရှိသူမရှိသော်လည်း ဒေသတွင်းအာဏာပိုင်များက နိုင်ငံသားများအား ရွှံ့မြေပြိုကျမှုများနှင့် အခြားသောအန္တရာယ်များနှင့်ပတ်သက်ပြီး သတိဖြင့်နေထိုင်ကြရန် ပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို