ဩဂုတ် ၂၂
သီရိလင်္ကာနိုင်ငံတွင် ရာသီဉတုခြောက်သွေ့မှုကြောင့် စပါးစိုက်ဧက ၄၇၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ယနေ့တွင် ပြောကြားသည်။
ထိုဝန်ကြီးက ယခုလက်ရှိအချိန်တွင် သိုလှောင်ထားသောဆန်များအလုံအလောက်ရှိသဖြင့် ပြည်တွင်းဈေးကွက်တွင် ဆန်ပြတ်လပ်မှု ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားသည်။
ဆန်စပါးသည် သီရိလင်္ကာနိုင်ငံ၏အဓိကအစားအစာဖြစ်ပြီး ဆန်စပါးကို နှစ်စဉ် နှစ်ရာသီ စိုက်ပျိုးလေ့ရှိသည်။
ယခုရာသီချိန်တွင် စပါးစိုက်ပျိုးမြေ ဟက်တာ ၅၀၃၀၀၀ ကျော် (၁၂၄၂၉၄၀ ဧကခန့်) စိုက်ပျိုးခဲ့ပြီး ယခုချိန်တွင် စပါးရိတ်သိမ်းနေဆဲဖြစ်သည်ဟု သိရသည်။
သီရိလင်္ကာမိုးလေဝသဌာနက ထိုကျွန်း၏အချို့နေရာများတွင် နေ့စဉ်မိုးအနည်းငယ်ရွာသွန်းခြင်းမှတစ်ပါး ခြောက်သွေ့သော ရာသီဥတုသည် လာမည့်လကုန်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


