ဩဂုတ် ၂၃

အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည်နယ် ဆာရန်ဒေသအနီးတွင် တည်ဆောက်ဆဲရထားလမ်းတံတားတစ်စင်းပြိုကျခဲ့သဖြင့် အလုပ်သမား ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါတံတားသည် မစ်ဇိုရမ်ပြည်နယ် မြို့တော် အေဇွဲလ်မှ ၂၁ ကီလိုမီတာအကွာခန့်တွင် ယနေ့မနက် ၁၀ နာရီဝန်းကျင်က ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတံတားပြိုကျမှုဖြစ်ပွားချိန်က တံတားပေါ်တွင် အလုပ်သားဦးရေ ၃၅ မှ ၄၀ အတွင်းရှိသဖြင့် လူပေါင်းများစွာ ကြောက်ရွံ့စိတ်ဖြင့် ပိတ်မိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတံတားအပြိုအကျအပျက်အစီးများမှ လူ ၁၇ ဦးအလောင်းကို လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။

ကိုးကား-အိန္ဒိယတူဒေး

ဘာသာပြန်-မြင့်မြင့်ချို