မနီလာ ဩဂုတ် ၂၇

တိုင်ဖွန်းဆာအိုလာသည် ဩဂုတ် ၂၇ ရက် အရုဏ်တက်ချိန်တွင် စူပါတိုင်ဖွန်း မုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာကာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း များတိုက်ခတ်မည်ဟု ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဗျူရိုက ပြောကြားသည်။

တိုင်ဖွန်းဆာအိုလာသည် တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီးခြင်းနှင့် မြေပြိုခြင်း တို့ကို ဖြစ်စေနိုင်ကြောင်း ဖိလစ်ပိုင် လေထု၊ ဘူမိရူပနှင့် နက္ခတ္တဗေဒဆိုင်ရာ ဝန်ဆောင်မှုများ စီမံခန့်ခွဲရေးအဖွဲ့က သတိပေးထားသည်။

လူဇွန်ကျွန်း မြောက်ပိုင်းရှိ အစ္စဘယ် လာပြည်နယ် ကမ်းရိုးတန်းရေပြင်တွင်တိုင်ဖွန်းဆာအိုလာသည် လေတိုက်နှုန်းတစ်နာရီလျှင် ၁၈၅ ကီလိုမီတာနှင့်လေပြင်းတိုက်နှုန်း တစ်နာရီလျှင် ၂၃၀ကီလိုမီတာအထိ တိုက်ခတ်နိုင်ပြီး တောင်-အနောက်တောင်ဘက်သို့ဖြည်းညင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထား သည်။တိုင်ဖွန်းဆာအိုလာ သည် ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သည့်သတ္တမ မြောက်တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။

ပစိဖိတ် မီးတောင်ရပ်ဝန်းတွင် တည်ရှိသော ဖိလစ်ပိုင်သည် ကမ္ဘာပေါ် တွင် သဘာဝဘေးအန္တရာယ် အခံရဆုံး နိုင်ငံများထဲတွင်ပါဝင်ပြီး လှုပ်ရှားနေ သော မီးတောင်များ၊ မကြာခဏငလျင်လှုပ်ခြင်းနှင့် တစ်နှစ်လျှင် ပျမ်းမျှတိုင်ဖွန်းမုန်တိုင်းအကြိမ် ၂ဝ ခန့်ဖြစ်ပွားကာရေကြီး မြေပြိုမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ဆင်ဟွာ