တိုကျို၊ ဩဂုတ် ၂၉

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် နိုင်ငံတကာ ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် လာမည့် လတွင် အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အင်္ဂါနေ့တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အကြီးတန်းအရာရှိများနှင့် ပြုလုပ်သည့် အစည်း အဝေးတစ်ခု၌ ဝန်ကြီးချုပ်ကီရှီဒါက စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ အဆိုပါခရီးစဉ်ကို သွားရောက် မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

ကီရှီဒါသည် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးနှင့် အခြားသော အစည်း အဝေးများကို တက်ရောက်သွားမည်ဖြစ်သည်။ ထို့အပြင် ၎င်းက ယခုနှစ်သည် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှစ်၅၀ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားသည်။

ကီရှီဒါသည် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် ဂျီ- ၂၀ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွား မည်ဖြစ်သည်။ မေလက ဟီရိုရှီးမားမြို့၌ ပြုလုပ်ခဲ့ သည့် ဂျီ- ၇ ထိပ်သီးအစည်းအဝေး၏ ဖြစ်ထွန်းမှု များကို လာမည့် ဂျီ -၂၀ ထိပ်သီးအစည်းအဝေးနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ရည်ရွယ်ထား ကြောင်း ကီရှီဒါက ပြောသည်။

အင်န်အိတ်ချ်ကေ