ဩဂုတ် ၃၀

ပါကစ္စတန်နိုင်ငံတွင် အကျဉ်းကျနေသော အာဖဂန်နစ္စတန်နိုင်ငံသား ၇၅ ဦး လွတ်မြောက်လာပြီး တာခမ်နယ်စပ်ဒေသမှတစ်ဆင့် ၎င်းတို့၏အာဖဂန်မွေးရပ်မြေသို့ ယမန်နေ့ကပြန်ရောက်လာကြောင်း နိုင်ငံပိုင်ဘာ့တာ သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံရှိ အကျဉ်းထောင်များမှ တာခမ်နယ်စပ်ဒေသမှတစ်ဆင့် အာဖဂန်အာဏာပိုင်များထံသို့ အာဖဂန်နိုင်ငံသား ၂၅၁၆ ဦးကို လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်ဟု သတင်းအေဂျင်စီ၏ဖော်ပြချက်အရ သိရသည်။

လွန်ခဲ့သောသီတင်းပတ်များအတွင်း ပါကစ္စတန်အကျဉ်းထောင်များမှ အာဖဂန်အကျဉ်းသား ၅၂ ဦးအား လွှတ်ပေးခဲ့ပြီးနေအိမ်သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း ထိုဝန်ကြီးဌာကလည်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို